ani: new stage logo
poster

စ/လယ်/ဆုံးကောင်းတဲ့ One Piece 2022 Manga Journey

2023-05-06

News

Apex Canal Anime

စ/လယ်/ဆုံးကောင်းတဲ့ One Piece 2022 Manga Journey

Yo..!

Leviပါဗျ

ကျွန်တော်ဒီနေ့မှာတော့ 2022ခုနှစ်အတွင်းထွက်ခဲ့တဲ့  One piece

Manga Chapter တွေအပေါ် ကျွန်တော့်ရဲ့ အမြင်လေးတွေချပြပေးသွားမှာပါ။

[ ကျွန်တော်က Animeကို သေချာမကြည့်ဖြစ်တာ မကြည့်တာ တစ်နှစ်ကျော်ပြီမလို့ ဒီထဲမှာ Anime အကြောင်းတော့ပါမှာမဟုတ်ပါဘူး။ ကျွန်တော်ဘာလို့ Anime ကိုသေချာမကြည့်ဖြစ်တော့တာလဲဆိုတာကိုတော့ နောက်ရက်ကျရင် Anime ကိုဝေဘင်ရင်း ပြောပြပေးသွားပါ့မယ် ]


ကျွန်‌တော် Mangaကိုစဖတ်တာ Chapter 1000ကျော်ကျော်လောက်ကတည်းကပါ ခု‌ဆိုရင်ဖတ်နေတာ 2နှစ်လောက်တော့ရှိရောပေါ့။ ကျွန်တော့်ရဲ့ 2022အတွက် အကြိုက်ကိုရွေးပါဆိုရင်တော့ Animeထက် Mangaကိုရွေးရပါလိမ့်မယ်။ဒီနှစ်အတွင်းမှာထွက်တဲ့  Manga Chapter တွေက စိတ်ဝင်စားစရာတွေအများကြီးပါခဲ့တယ် စောက်ရမ်းကို Hypeခဲ့တယ်ပေါ့ဗျာ။ 


Momoရဲ့ Adult Human Form တွေ | Onigashima War အတွင်းက ပေးဆပ်မှုတွေ | Wanoရဲ့လှပတဲ့အ‌ဆုံးသတ်တွေ | Luffyနဲ့Buggy Yonkoအသစ်ဖြစ်တာတွေ | Seraphim တွေကိုမိတ်ဆက်သွားတာတွေ | Mysterious Character တွေဖြစ်တဲ့ Admiral Grenn Bull နဲ့ Dr Vegapunkကို မိတ်ဆက်သွားတာတွေ စသဖြင့် Chapter တိုင်းလိုလိုကအတော်လေးကို ရသမြောက်ခဲ့ပါတယ်။


အထူးသဖြင့်တော့ Chapter 1043မှာ ဇာတ်လမ်းဆင်ပြီး Chapter 1044မှာ Luffy ရဲ့ Devil Fruit Awakening တနည်းအားဖြင့် Gear 5ကိုချပြသွားခဲ့တာကြီးပါ။ 2021နှစ်အကုန်ပိုင်းလောက်ကတည်းက Luffy ရဲ့ Power Upကိုသိပ်မကြာခင်မြင်ရတော့မယ်ဆိုတာကိုခန့်မှန်းထားကြပြီးသားပါ။ဒီလိုမျိုးကိုလဲ Luffy ရဲ့ Power Upက Devil Fruit Awakening လား Gear 5လားဆိုတာကို Theory တွေအပြိုင်ထုတ်ပြီးငြင်းခုန်ခဲ့ကြပါသေးတယ်။


တကယ်တမ်းထွက်လာချိန်မှာတော့ Devil Fruit Awakening ကို Gear 5လို့လုပ်ပြီးတော့ Odaတစ်ကွက်ပြတာကိုခံခဲ့ရပါသေးတယ်။ Chapter 1044မှာပဲ Luffy ရဲ့ Devil Fruit က Gomu Gomu No Miမဟုတ်ပဲ Hito Hito No Mi : Model - Sun God Nikaဆိုတာကြီးကိုပါချပြခဲ့တာပါ။


ဒါ့အပြင် Zuneshaကလဲ Luffy ရဲ့ Devil Fruit Awakening ဖြစ်ချိန်မှာ Joy Boy ဆိုပြီး Mentioned လုပ်ခဲ့တာမလို့ စိတ်လှုပ်ရှားမှုက နှစ်ဆဖြစ်ခဲ့ရပါသေးတယ်။နောက်ပိုင်း Chapter တွေမှာလဲ Luffy ရဲ့ Gear 5တွေကို လှလှပပ ခံစားနိုင်ခဲ့တာမလို့ Mangaကို ပိုကြိုက်ခဲ့ရပါတယ်။


Wanoအဆုံးသတ်ပြီးနောက်ပိုင်း Chapter တွေကအနည်းငယ်အေးစက်သွားပေမယ့် Dr Vegapunkနဲ့ သူ့ရဲ့ Satellites တွေပေါ်လာပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲတွေကို တစတပြန်မြင်လာရပါတယ်။ Ohara Incident မှာ Saulမသေခဲ့တဲ့အကြောင်းတွေ Dr Vegapunk ရဲ့ Punk Recordအကြောင်းတွေကိုချပြသွားတာကလဲ အတော်လေးစိတ်လှုပ်ရှားမှုကိုပေးစွမ်းပါတယ်။


ဒါ့အပြင် Luffyတို့ Staw Hats တွေကလဲ Dr Vegapunk တစ်သိုက်နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီမလို့ 2023မှာထွက်လာမယ့် Manga Chapter တွေကလဲ တမူထူးကဲတဲ့အရသာတွေကိုပေးစွမ်းမှာအသေအချာပါပဲ။


2022ခုနှစ်ရဲ့ နောက်ဆုံး Chapter ဖြစ်တဲ့ Chapter 1071မှာ Dr Vegapunk လက်အောက်က Mysterious Character တစ်ယောက်ကို မိတ်ဆက်သွားတဲ့အပြင် Garpကလဲ BBတို့ဆီဦးတည်နေတာမလို့ Garp, Law, BB တို့ရဲ့သေရေးရှင်ရေးတွေက ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကို Odaက Fan‌ တွေကိုစဉ်းစားခိုင်းရင်း One Piece Manga ရဲ့ 2022 Journey ကိုအဆုံသတ်စေခဲ့ပါတယ်။


#Levi

#Apexcanalanime

#heavnanime

Connect With Us

Recent Blog & News

ads