ani: new stage logo
poster

One Piece Gear 5 ထွက်ရန်ခန့်မှန်းချိန်

2023-05-01

News

Heaven Anime MM

One Piece Gear 5 ထွက်ရန်ခန့်မှန်းချိန်

" Episode 1070 ဝန်းကျင်လောက်မှာ မြင်တွေ့ရနိုင်ခြေရှိတဲ့ Luffy ရဲ့ Gear 5 Transformation "


One Piece anime ရဲ့ episode 1060 ဟာဆိုရင် မနေ့ညက ထွက်ရှိခဲ့ပြီဖြစ်ပြီး story ဟာ ဆက်လက်နေတာနဲ့ တစ်ဆက်ထဲ Luffy ရဲ့ Peak moment ရောက်ရှိလာဖို့ဟာလည်း သိပ်မလိုတော့ပါဘူး။


Manga chapter 1033 ကို adapt လုပ်ထားတဲ့ episode 1060 အပြီးမှာတော့ fans တချို့ဟာ Luffy ရဲ့ Gear 5 Transformation ကို anime adaptation အနေနဲ့ မြင်တွေ့ရမယ့် episode ကို ကြိုတင်ပြီးခန့်မှန်း‌လာကြပါတယ်။


Luffy ရဲ့ Gear 5 form ကို manga chapter 1043 မှာ sneak peek အနေနဲ့ မြင်တွေ့ခဲ့ရတာဖြစ်ပြီး 1044 မှာ fully transformed ဖြစ်တာပါ။ Anime ဟာဆိုရင် ယခုဆိုရင် manga chapter 1043 ကိုလိုက်မှီဖို့ chapter ၁၀ ခုပဲလိုတော့တာဖြစ်ပါတယ်။


Toei Animation Studio ဟာ One Piece ကို episode 1 ပိုင်းကို chap ၁ ခု (တစ်ခါတစ်လေ chap ၂ ခု) နှုန်းနဲ့ adapt လုပ်နေတာဖြစ်ပြီး ယခုလက်ရှိနှုန်းနဲ့သာ ဆက်လုပ်မယ်ဆိုပါက Gear 5 Transformation ကို မြင်တွေ့ရဖို့ နောက်ထပ် ၉ ပိုင်း သို့မဟုတ် ၁၀ ပိုင်း လောက်သာလိုပါတော့တယ်။ (အကယ်လို့ Filler တွေမလာရင်ပေါ့)


Episode 1070 ဝန်းကျင်လောက်မှာ Studio ဘက်မှ break ယူခဲ့မယ်ဆိုရင်တော့ ၃လကျော် ၄လလောက်စောင့်ရနိုင်ခြေရှိပြီး break မယူခဲ့ရင်တော့ ၂ လစွန်းစွန်း အချိန်အတွင်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ Toei Animation အနေနဲ့ recap တွေ မထည့်ဘဲနဲ့ manga source ကိုပဲ တိုက်ရိုက်သွားမယ်ဆိုရင်တော့ Luffy ရဲ့ အကြမ်းစား form ကို anime အနေနဲ့ screen ထက်မှာ ရှု့စားရတော့မှာပါ။


Luffy ရဲ့ Gear 5 Transformation သာ anime အဖြစ်ရောက်တဲ့နေ့ကတော့ internet ကို One Piece အုပ်စိုးမယ့်နေ့တစ်နေ့ပဲ ဖြစ်မှာပါ။ Gear 5 ကို manga နဲ့ မတူဘဲ animation, directing, အကြမ်းစား sound effects တွေ, transition တွေနဲ့ မြင်တွေ့ရမယ့် နေ့တစ်နေ့ကို စောင့်စားနေကြတဲ့ One Piece fans တွေအနေနဲ့ မကြာခင်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Connect With Us

Recent Blog & News

2023-05-30

News

Heaven Anime MM

ads