ani: new stage logo

User Guide

What is ANI: NEW STAGE ?

Ani: New Stage က ဆိုရင် မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ anime/manga တို့ကို မြန်မာဘာသာဖြင့် တင်ဆက်ပေးနေသော page တွေနဲ့ပေါင်းထားတဲ့ website တစ်ခုပဲဖြစ်ပါတယ်။ နာမည်ကြီး pirate website တွေဖြစ်တဲ့ gogoanime, 9anime, zoro စတဲ့ website တွေလိုပဲ streaming အသားပေးတဲ့ website တစ်ခုဆိုရင်လည်း မမှားပါဘူး။ NGO ဖြစ်တဲ့အတွက်ကြောင့် new stage website က user တွေ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့အတွက် ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ page တွေမှ ဘာသာပြန်တင်ဆက်ထားတဲ့ကားတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် အသုံးပြုနိုင်ဖို့အတွက် ဖန်တီးရေးဆွဲထားတာဖြစ်တဲ့အတွက် အဖွဲ့ တစ်ဖွဲ့ဆီရဲ့ ကိုယ်ပိုင် စာမျက်နှာတွေရှိပါတယ်။ user တွေနဲ့ အမြဲထိတွေ့ ဆက်ဆံနိုင်ရန်အတွက်လည်း ရည်ရွယ်ထားသောကြောင့် website အတွင်းမှာ messenger feature ကိုလည်းရေးထည့်ထားတာဖြစ်လို့ အဆင်မပြေသောအရာများကို မေးမြန်းရန်လည်းလွယ်ကူပါတယ်။ တစ်ချို့သော ကိစ္စရပ်များကို ကာကွယ်ရန် အထူးအလေးပေးထားသောကြောင့် limit အနည်းငယ်ရှိပါတယ်။ new stage website ဟာ platform တစ်ခုဖြစ်ရန် အတွက် အထူးရည်မှန်းထားသော website တစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့် user များအနေနဲ့ စိတ်ကျေနပ်မှုအကောင်းဆုံးဖြစ်သောနေရာဖြစ်အောင် new stage မှ အကောင်းဆုံး ဖန်တီးသွားပါမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Have any questions?

Connect With Us

Guide for New Users

အကောင့်အသစ်ဖွင့်ရန် (သို့မဟုတ်) ဖွင့်ပြီးသားအကောင့်ကို Login ဝင်ရန်။

- အပေါ် ညာဘက် ထောင့်ရှိ Login Icon ကိုနှိပ်ပါ။

- Sign up with Google button ကိုနှိပ်ပါ။

- နှစ်သက်ရာ gmail အကောင့်ကို ရွေးပါ။

အကောင့်ဖွင့်ခြင်း ပြီးဆုံးပါပြီ။

Wallet ငွေဖြည့်သွင်းရန်။

- Profile ပုံအောက်ရှိ အပေါင်း + Icon လေးကိုနှိပ်ပါ။

- ငွေဖြည့်သွင်းလိုသောပမာဏ ရိုက်ထည့်ပါ။

- Payment Method ရွေးခြယ်ပြီး ဖော်ပြပါနံပတ်သို့ မှန်ကန်စွာငွေလွှဲပါ။

- ငွေလွှဲပြေစာ Screenshot (သို့) E-Receipt ကို Upload လုပ်ပါ။

- Submit နှိပ်ပါ။

Admin မှ စိစစ်ပြီး အချိန်တိုအတွင်း အကောင့်ထဲဖြည့်သွင်းပေးပါမည်။

Page Subscribe ပြုလုပ်ရန်။

- မိမိ Subscribe ပြုလုပ်လိုသော Pageသို့ဝင်ပါ။

- Subscribe button ကိုနှိပ်ပါ။

- Subscribe ပြုလုပ်လိုသော Monthly Planကို ရွေးပါ။

- Confirm ထပ်နှိပ်ပါ။

Subscribe ပြုလုပ်ခြင်းအောင်မြင်ပါသည်။

Paid Content များ တစ်ပိုင်းချင်း ဝယ်ကြည့်/ ဖတ်ရန်။

- မိမိဝယ်ယူလိုသော အပိုင်းကို နှိပ်ပါ။

- Payment Method ရွေးခြယ်ပြီး ဖော်ပြပါနံပတ်သို့ မှန်ကန်စွာငွေလွှဲပါ။

- Buy ကိုနှိပ်ပါ (Points လုံလောက်ပါက Point အသုံးပြု၍ဝယ်နိုင်သည်)

- Yes ထပ်နှိပ်ပါ

Paid Content ဝယ်ယူခြင်းအောင်မြင်ပါသည်။