ani: new stage logo
poster

One Piece Live Action နဲ့ပက်သက်သည့်နောက်ဆုံးရသတင်းများ

2023-05-05

News

Heaven Anime MM

One Piece Live Action နဲ့ပက်သက်သည့်နောက်ဆုံးရသတင်းများ

-Eiichiro Oda မှ One Piece Live Action နှင့် ပတ်သက်ပြီး သတင်းအချက်လက်အချို့ကိုဝေမျှခဲ့


ယနေ့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Luffy ရဲ့ မွေးနေ့မှာ Netflix က‌နေပြီးတော့ One Piece Live Action Series နဲ့ သက်ဆိုင်တဲ့အကြောင်းအရာအချို့နဲ့ပတ်သက်ပြီး Oda ကိုယ်တိုင်ရေးသားခဲ့သောစာတစ်‌‌စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Oda ရဲ့စာအရ Netflix ဟာ live action adaption serie ကို 2023 မကုန်ခင်ထုတ်လွှင့်မည်ဟုဆိုထားပေမယ့်၊ Oda ကိုယ်တိုင်စိတ်တိုင်းကျ ကျေနပ်မှုရှိမှသာ စတင်ထုတ်လွှင့်မည်ဟု ကတိရရှိထားပါတယ်တဲ့။ 

Oda ဟာယခုဆိုရင် Netflix's Hollywood live action adaptation of One Piece Anime Project ရဲ့ executive producer အဖြစ်တာဝန်ယူထားပြီဖြစ်ပြီး သတင်းကောင်းအနေနဲ့ကတော့ ယခင်လပိုင်းကထွက်ရှိတဲ့ rumors တွေထဲကလို One Piece Live Action ဟာ fail ဖို့ ရာခိုင်နှုန်းအတော်နည်းသွားပြီလို့ဆိုရပါမယ်။

Live Action ကို ယခင်က အပိုင်း 10 ခုအဖြစ်ထုတ်လွှင့်မည်ဟု စီစဉ်ထားပေမယ့် ယခု အပိုင်း 8 ခုဖြင့်ထုတ်လွှင့်မည်ဟု စာမှာတစ်ပါတည်း‌ ထည့်သွင်းဖော်ပြသွားပါတယ်။

ထပ်ဆောင်းအနေနဲ့ကတော့ One Piece Live Action Adaptation ကို 2016 ကတည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယဉ်ကျေးမှုနဲ့ လုပ်ကိုင်ပုံတွေမတူညီတဲ့အတွက် အခက်အခဲအနည်းငယ်ရှိပေမယ့် ယခုလက်ရှိအချိန်ထိ အဖွဲ့သားအားလုံး၏ ကြိုးစားအားထုတ်လုပ်ကိုင်မှုများကြောင့် မကြာခင်အချိန်အတွင်း အကောင်းဆုံးရလဒ်ကိုချပြနိုင်တော့မယ်ဟုလည်း oda ကဆိုထားပါသေးတယ်။


ဒီသတင်းအတိုင်းသာဆိုရင်တော့ One Piece Live Action ကို ကျွန်တော်တို့အနေနဲ့ အများကြီးမျှော်လင့်ထားလို့ရနိုင်ပါသေးတယ်။ Oda ရဲ့ စိတ်တိုင်းကျမှုကိုအဓိကထားပြီးဖန်တီးသွားမှာဆိုတဲ့အချက်အရ One Piece Live Action ဟာ လုံးဝ Flop နေမှာမဟုတ်တာတော့ အသေချာပါပဲ

#Heaven_Family 

#animenews

Connect With Us

Recent Blog & News

2023-05-30

News

Heaven Anime MM

ads