ani: new stage logo
poster

Sword of the Stranger

poster

Old but Goldဆိုသလို Underratedဖြစ်တဲ့ animeတွေကိုကြိုက်တတ်တဲ့ ညိုကီတို့အတွက် ကျွန်တော့်အကြိုက်ဆုံး All time favထဲကတစ်ခုဖြစ်တဲ့ " Sword of the stranger " ဆိုတဲ့ movie တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ လွန်ခဲ့တဲ့ဆယ့်လေးနှစ် 2007ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး Pure 2d hand drawn animationအကြမ်းတွေနဲ့နာမည်ကြီးတဲ့ Full metal Alchemist: Brotherhood၊My hero Academia၊ Cowboy Bebopတို့လို ဒိတ်ဒိတ်ကြဲ တွေရဲ့ပဲ့ကိုင်ရှင် Studio Bonesရဲ့ လက်ရာမြောက်movieတစ်ခုပါ။ ဇာတ်လမ်းအကျဉ်းတွေမပြောခင် ဒီကားကိုကျွန်တော်ကြိုက်ရတဲ့အဓိကအကြောင်းရင်း နှစ်ချက်ကိုနည်းနည်းပြောချင်တယ်။ ပထမအချက်ကတော့ Fight sceneတွေကြောင့်ပါ ကျွန်တော့်ကို ဒီကားစကြည့်ဖြစ်ခဲ့တဲ့ ဆွဲဆောင်မှုဆိုလဲမမှားပါဘူး အဖွင့်ကို Fight sceneနဲ့ဖွင့်ပြီး Fight sceneနဲ့ပဲအဆုံးသတ်ထားပါတယ်။ Budgetသေချာသုံးထားမှန်းသိသာပြီး ostတွေ Fight Choreography တွေကအစ သေသေသပ်သပ်နဲ့အပြစ်ပြောစရာမရှိအောင်ကိုကောင်းနေတာမျိုးပါ။ အနီးစပ်ဆုံးပြောရရင် Studio Bonesရဲ့ရှေ့ထွက်လက်ရာဖြစ်တဲ့ Cowboy Bebopထဲက Fight scene‌sတွေအတိုင်းပါပဲ။ sceneတစ်ခုနဲ့တစ်ခုကြားTransitionတွေ Camera Angle‌တွေ Perspective တွေ အနီးကပ်ဆွဲလိုက် အဝေးကပြလိုက်နဲ့ကိုမှ ချောမွတ်နေတဲ့ Hand drawn Animationနဲ့Ostအမိုက်စားကိုပေါင်းစပ်ပြီးပြသွားတာ တကယ်မိုက်လွန်းပါတယ်။ အပိုစကားတွေလဲတစ်ခွန်းမှ ပြောမသွားတဲ့အပြင် Shonen animeအများစုလို စူပါပါဝါတွေနဲ့အုန်းဒိုင်းကြဲ ပေါက်ကွဲမှုအကြီးစားကြီးတွေထဖြစ်လိုဖြစ် ပါးစပ်ကကပေါက်တိကပေါက်ချာတိုက်ကွက်နာမည်‌တွေ အော်ပြောနေစရာမလိုတာ ဓားနဲ့တိခနဲပိုင်းချလိုက်တာလို သွေးထွက်သံယိုတွေက ဒီဇာတ်ကားကို Shonenဆိုတာထက် Seinenဘက်ကိုနည်းနည်းပိုရောက်စေပါတယ်။ ဒုတိယကြိုက်မိတဲ့အချက်ကတော့ သူ့ရဲ့ Ost,Background Soundတွေပါ။ အထူးသဖြင့် Hype Bombကြဲချလိုက်သလိုမဟုတ်ဘဲ Fight sceneတစ်ခုလာတိုင်း( အထူးသဖြင့်နောက်ဆုံးFinal Fightမှာပါ )ကြည့်နေရင်းနဲ့မှ ထိုင်ရာကထပြီးအော်ဟစ်အားပေးရမယ့်အစား ရင်ထဲမှာတလှပ်လှပ်နဲ့မပြောပြတတ်တဲ့ ခံစားချက်ပေါင်းစုံကိုရောပြွန်းပေးပြီး Screenက‌နေမျက်စိမခွာနိင်ဖြစ်ရလောက်အောင် Background OSTရဲ့ပံ့ပိုးမှုကတော်တော်ကောင်းတာပါ အရောင်အသွေးစုံလင် ပါဝါရိန်းကျား ဆန်ဆန် fight sceneတွေကိုနည်းနည်းငြီးငွေ့ပြီး အချိန်လဲသိပ်မရတဲ့ကျွန်တော့်အဖို့တော့ ဒီကားကတကယ့်ရွှေလို့ပြောရမယ်။ ဒီအထိလေရှည်လာပြီးပြီဆိုတော့ ဇာတ်လမ်းအကျဉ်းကိုပြောကြတာပေါ့။ ဒီမှာ ကျွန်တော်နောက်ဆုံးမှပြောရတာအကြောင်းရှိပါတယ်။ ဇာတ်ကြောင်းအရင်ပြောလိုက်လို့ ကျွန်တော့်ရဲ့အားနည်းချက်ကြောင့် တကယ်ကောင်းတဲ့ကားတစ်ကားကို ညိုကီတို့ Impressionအောက်ပြီးမထိချင်ဖြစ်သွားမှာစိုးတာကြောင့်ပါ။ တခြားကြည့်ဖူးတဲ့သူတွေတော့ မသိပါဘူး ကျွန်တော့်အမြင်အရတော့ plotကတော်တော်လေးရိုးရှင်းပါတယ်။ အဲလိုပြောလိုက်လို့ ငစနူ plotကြီးလားလို့လဲမထင်စေချင်ဘူး။ သူ့ဇာတ်လမ်းနဲ့သူအံဝင်ဂွင်ကျဖြစ်ပြီးအပ်စပ်ပါတယ်။ နှစ်ကြိမ်သုံးကြိမ်ပြန်ကြည့်မှ ဟိုနားတစ်ကွက်ဒီနားတစ်ကွက်နဲ့ မြှပ်ကွက်လေးတွေပေါ်လာတာမျိုးပါ။ အကျဉ်းချုံးပြောရရင်တော့ Sengokuခေတ် ဂျပန်တစ်ပြည်လုံးစစ်မက်ဖြစ်ပွားနေပြီးခြောက်ပေမြေလွတ်တစ်နေရာရှိရင် မကျူးကျော်ရ ဆိုင်းဘုတ်ထောင်...အဲ အလံစိုက်ပြီး ဘုရင်လုပ်အုပ်ချုပ်နေတဲ့သူတစ်လူငါတစ်မင်း ခေတ်ပျက်ကြီးမှာ အဓိကဇာတ်ကောင်နှစ်ယောက်ထဲကတစ်ယောက် ဖြစ်တဲ့ Koutaroဆိုတဲ့ မိဘမဲ့ကောင်ကလေးတစ်ယောက် ကျွန်အဖြစ်ရောင်းစားခံရခါနီးမှာ ဘုန်းတော်ကြီးတစ်ပါးကယ်တာခံရပြီး Tobimaruလို့အမည်ရတဲ့ ခွေးလေးတစ်ကောင်နဲ့အတူ တရုတ်ပြည်မကြီးကနေဂျပန်ကို ရောက်လာရာကနေစပါတယ်။ ဂျပန်ပြည်ကိုရောက်ပြီး ဘုန်းတော်ကြီးကျောင်းမှာနေရင်း Kotaroရဲ့ဘဝကနှစ်နှစ်ပဲ ငြိမ်းချမ်းလိုက်ပါတယ်။ အကြောင်းရင်းတစ်ခုကြောင့် သူ့နောက်လိုက်လာကြတဲ့ မင်ဘုရင်ရဲ့ လူတွေလက်ချက်နဲ့ ကျောင်းတိုက်မီးရှို့ခံလိုက်ရပြီး ဒုတိယမ္ပိထွက်ပြေးရပြန်ပါတယ်။ ကျောင်းတိုက်ကိုစွန့်ခွာပြီး ထွက်မပြေးခင်မှာ လွန်ခဲ့တဲ့နှစ်နှစ်က သူ့ကိုကယ်ပေးခဲ့တဲ့ဘုန်းတော်ကြီးက သူ့လက်ထဲကို ကျောက်စိမ်းတုံးလေးထည့်ပေးပြီး စကားတစ်ခွန်းမှာပါတယ် Akaikeခရိုင် Shiratoမှာရှိတဲ့Mangakuကျောင်းတိုက်ကိုရောက်အောင်သွားပါတဲ့။ ဒီလိုနဲ့ စမ်းတဝါးဝါးနဲ့သွားရင်း လမ်းခရီးတစ်ထောက် ကျောင်းပျက်ကြီးတစ်ခုမှာနားနေတုန်း နောက်ကလိုက်ဖမ်းနေသူတွေနဲ့ပက်ပင်းတိုးမိပါတယ်။ Shiratoအထိ အန္တရာယ်ကင်းကင်းနဲ့သွားနိင်ဖို့ ရွေးစရာမရှိတဲ့အဆုံး Kotaroဆုံးဖြတ်ချက်ချလိုက်တာက ကျောင်းပျက်ကြီးမှာ သူနဲ့အတူရှိနေတဲ့ ဘယ်သူမှန်းမသိတဲ့ဓားသမားကို ကျောက်စိမ်းတုံးပေးပြီး သူ့ကိုစောင့်ရှောက်ပေးဖို့၊Shiratoရောက်တဲ့အထိ အဖော်ပြုပေးဖို့ငှားလိုက်တာပါ။ ဒီလိုနဲ့ လူကြီးနဲ့ကလေးနှစ်ယောက်သားအပေးအယူမျှပြီး ယာယီဆက်ဆံရေးတစ်ခုတည်ဆောက်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ... kotaroကိုအသည်းအသန်လိုက်ဖမ်းနေတဲ့အဖွဲ့က ဘာလို့သူ့ကိုလိုချင်နေတာလဲ။ ဓားသမားမှာ ဘာလျို့ဝှက်ချက်တွေရှိနေမလဲ.....ကိုယ့်အသက်ကိုကယ်‌ပေးခဲ့သူကကိုယ့်အပေါ်သစ္စာတကယ်ရှိရဲ့လား ငွေကြေးနဲ့တန်ဖိုးဖြတ်ထားတဲ့ဆက်ဆံရေးတစ်ခုကပဲပိုခိုင်မြဲနေနိင်မလား...စသည် စသည် အစကနေအဆုံးအထိ ဇာတ်ရှိန်အတက်အကျညီညီ...ရိုးရှင်းတဲ့ဇာတ်ကြောင်းနဲ့မှ ကောင်းကောင်းဆွဲခေါ်သွားနိင်တဲ့ animeကောင်းတစ်ခုပါ။ ဒီရာသီမိုးဖွဲဖွဲရွာရင်အေးအေးဆေးဆေး သေချာအချိန်ပေးကြည့်ဖို့ Recommendပေးပါတယ်။ AKM (TY Sama paid)မှဘာသာပြန်ဆိုတင်ဆက်သည်။ Translation Min Thiha Encoding TY Sama

Type: Movie

Seasons: 1

Genres: Adventure, Action

Released: 2007-09-29

Age: 17+

Rating: 8/10

Condition: Finished

Presented by AKM PLUS

server 0

Download Links

Drive Quality Size Download
Mega.nz 1080P

Thanks for watching :D

Connect With Us

You might also like

Finished

Movie

40 Views

The Garden of Words

Rating: 8/10

Age: 13+

Finished

Movie

151 Views

Evangelion: 3.0 You Can (Not) Redo

Rating: 8/10

Age: 13+

Finished

Movie

61 Views

Sword of the Stranger

Rating: 8/10

Age: 17+

Finished

Movie

53 Views

The Deer King

Rating: 6/10

Age: 17+

Finished

Movie

6 Views

Black Clover Movie

Rating: 10/10

Age: 8+