ani: new stage logo
poster

Final War ကိုပေါ်ပေါက်စေခဲ့တဲ့ အဓိက အဖွဲ့အစည်း

2023-05-06

Facts

Heaven Anime MM

Final War ကိုပေါ်ပေါက်စေခဲ့တဲ့ အဓိက အဖွဲ့အစည်း

Yo...!

Leviပါဗျ

ကျွန်တော်ဒီနေ့မှာတော့ Final Warက ဘယ်အရာကြောင့်ဖြစ်ပေါ်လာလဲဆိုတာကိုပြောပြပေးသွားမှာပါ။

ကဲစလိုက်ကြရအောင်...!


Revolution Army ကို ဦးဆောင်နေတဲ့လူက World Worst Criminal Man ဖြစ်တဲ့ Monkey D Dragon ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်မှာဖြစ်ပွားခဲ့တဲ့ Ohara Island ဖျက်စီးခံရမှုကို အားလုံးသိကြမယ်ထင်ပါတယ်။ ဒီလိုဖျက်စီးခံရမှုအပြီးမှာ Dragonက Ohara ကျွန်းရဲ့အခြေအနေကိုလာကြည့်ခဲ့ပါတယ်။


အဲ့အချိန်မှာပဲ Ohara မှာဖြစ်ပျက်ခဲ့သမျှ World Government ရဲ့ရက်စက်ယုတ်မာတွေကိုသိရှိပြီးတော့ Revolution Army ကို တည်ထောင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။စတင်တည်ထောင်ချိန်မှာတော့ Dragon နဲ့အတူ Kumaရယ် Ivankov ရယ်ပါဝင်ခဲ့ပါတယ်။


လက်ရှိအချိန်မှာဆိုရင်တော့ Revolution Army တည်ထောင်တာဟာနှစ်ပေါင်း ၂၀ကျော်နေပါပြီ။ဒါပေမယ့် Revolution Army အနေနဲ့ World Government ကိုပေါ်တင်တော်လှန်တယ်ဆိုတာက မရှိသလောက်ကိုရှားပါတယ်။ဒါပေမယ့် အခု Reverie အစည်းအဝေးကျင်းပနေချိန်မှာတော့ Revolution Army က Commander တွေရောက်ချလာပြီးတော့ World Government ကို ပေါ်တင်စိန်ခေါ်လိုက်ပါတယ်။


ဒီလိုစစ်ကြေငြာမှုကြောင့်ပဲ ကမ္ဘာ့အနှံ့မှာသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာပါတယ်။ တိုင်းပြည်ကဘုရင်က ဖိနှပ်တာခံနေရတဲ့တိုင်းပြည်တွေ World Government ရဲ့ထောက်ပံ့မှုကနေ ပစ်ပယ်ခြင်းခံထားရတဲ့တိုင်းပြည်ကလူတွေက Revolution Army ရဲ့လုပ်ရပ်ကိုအစွမ်းကုန်ထောက်ခံကြပြီးတော့ သူတို့ကိုယ်တိုင် ပါဝင်တော်လှန်ဖို့ပြင်ဆင်ကြပါတယ်။


World government ရဲ့စောင့်ရှောက်မှုခံထားရတဲ့ တိုင်းပြည်ကလူတွေ တိုင်းပြည် ဘုရင်နဲ့ ပြည်သူ သဟဇာတဖြစ်နေတဲ့တိုင်းပြည်ကလုပ်နေတဲ့လူတွေကတော့သူတို့ရဲ့ရရှိပြီးသား ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးကုန်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် Revolution Army ရဲ့လုပ်ရက်ကို ကန့်ကွက်ကြပါတယ်။


ဘယ်လိုတွေပဲသဘောထားကွဲလွဲပါစေ ပုန်ကုန်မှုတွေစလုပ်နေတဲ့တိုင်းပြည်တွေလဲ တစ်စတစ်စ များပြားလာပြီးတော့ စစ်ကြီးကလဲ မကြာခင်ဖြစ်ပွားတော့မှာပါ။ လူတိုင်းလိုလိုကတော့ Revolution Army ရဲ့ စစ်ကြေငြာမှုကြောင့် Final War ကြီးစရတာလို့ထင်ကောင်းထင်နေကြပါလိမ့်မယ်။ တကယ်က မဟုတ်ပါဘူး။


ကျွန်တော်ဟိုးတစ်နေ့က World Government, Yonko, Shichibukai ဆိုပြီး ကမ္ဘာကြီးရဲ့ဟန်ချက်ကိုထိန်းညှိပေးထားတဲ့အရာ သုံးခုအကြောင်းကိုပြောပြခဲ့ပါတယ်။ အဲ့သုံးခုထဲကတစ်ခုက ပျက်စီးတာပဲဖြစ်ဖြစ် အားသာသွားတာဖြစ်ဖြစ် တစ်ခုခုပြောင်းလဲသွားမယ်ဆိုရင် ကမ္ဘာကြီးရဲ့မျှခြေက ကမောက်ကမတွေဖြစ်ပြီးတော့ အကုန် ဝူးရှူးဝါးတွေဖြစ်ကုန်မှာပါ။


အခု Reverie အစည်းအဝေးမှာ World Government က Shichibukai System နေရာမှာ SSGလို့ခေါ်တဲ့ Dr Vegapunk တီထွင်ထားတဲ့အရာတွေနဲ့အစားထိုးခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တာက Shichibukai System ကြီးပျက်သုန်းပြီး World Government ကအင်အားကြီးထွားလာမှာဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးရဲ့ မျှခြေက ဟန်ချက်ပျက်သွားပါပြီ။


Revolution Army အတွက်လဲ ဒီတစ်ခါမှ မလှုပ်ရှားရင် သူတို့အတွက်နောက်တစ်ကြိမ်ဆိုတာမရှိနိုင်တော့တဲ့ Do or Dieအခြေအနေကိုရောက်ရှိသွားတာပါ။ဒါကြောင့်ပဲ Dragon အနေနဲ့ သူ့ရဲ့ နှစ် ၂၀စာ စီမံထားတဲ့ Planနဲ့ World Government ကိုဖြုတ်ချဖို့စတင်ကြိုးစားတာဖြစ်ပါတယ်။


ဒီတိုက်ပွဲမှာ Revolution Army အတွက်ကံကောင်းသွားစေတာက Staw Hats တွေကျေးဇူးနဲ့ Dressrosa ကလက်နက်တွေအကုန်လုံးကိုရလိုက်တာပါ။ ဒါပေမယ့် Dressrosa က လက်နက်မှန်သမျှက ဌာနချုပ်ကိုသယ်ဆောင်သွားတာမလို့ Revolution Army Vs Blackbeard Pirates တိုက်ပွဲနဲ့ Revolution Army Vs Marine တို့ရဲ့ တိုက်ပွဲအပြီးမှာတော့ လက်နက်အားလုံးက အကောင်းအတိုင်းတော့ရှိမနေနိုင်တော့ပါဘူး။


တစ်လက်စတည်းဆက်ပြောရမယ်ဆိုရင် Revolution Army အနေနဲ့ Baltigo Island ပေါ်က တိုက်ပွဲနှစ်ခုမှာ ရှုံးနိမ့်ခဲ့တာမဟုတ်ပါဘူး။ Revolution Army ခေါင်းဆောင် Dragon နဲ့ Second Commander Saboတို့က Baltigo Island ပေါ်မှာရှိမနေခဲ့တဲ့အတွက် Revolution Army မှာ အင်အားမလုံ‌လောက်ခဲ့ပါဘူး

။ဒါကြောင့်ပဲ အထိအခိုက်အရမ်းမများခင် ဌာနချုပ်ကိုစွန့်ခွာသွားတဲ့သဘောပါ။


ဒီတော့ ကျွန်တော့်အနေနဲ့ Final Warကိုစတဲ့လက်သည်တရားခံ World Government လို့ပဲပြောချင်ပါတယ်။ နောက်ရက်ကျရင်တော့ " Staw Hats and Final War " လာဖို့ရှိတာမလို့စောင့်မျှော်ပေးကြပါဦးဗျ။


#Levi

Connect With Us

Recent Blog & News

2023-04-17

Facts

Apex Canal Anime

2023-04-19

Facts

Apex Canal Anime

ads