Yami Shibai (Season 9)
Story အတိုလေးတွေမို့လို့ Episode တွေ အဆက်အစပ်မရှိလည်း ကြည့်လို့ရပါတယ် Yami Shibai ကို 2013 မှာ တာမိုရာ တာကာရှိမာက စတင်ရိုက်ကူးခဲ့ပြီး ဟီရိုမု ကူမာမိုတိုမှ ဇာတ်ညွှန်းစတင်ရေးသားခဲ့တာ ဖြစ်ပါတယ် ထုတ်လုပ်တဲ့ Studio ကတော့ ILCA ကဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်တိုင်းရဲ့ ညနေ 5 နာရီတိုင်း မျက်နှာဖုံးအဝါရောင်နဲ့ ပုံပြင်ပြောသူတစ်ယောက်ဟာ ကလေးတွေ ကစားရာ ကစားကွင်းဆီလာပြီးရှေးဟောင်းနှောင်းဖြစ် ဂျပန်ရိုးရာ သရဲပုံပြင်တွေ ဒဏ္ဍာရီတွေအကြောင်းပြောပြလေ့ရှိပါတယ် သူပြောတဲ့ အကြောင်းတွေက လန့်စရာ ရင်တုန်စရာ ရင်ခုန်စရာ သွေးတိုးချင်စရာတွေချည်းပြည့်နှက်နေတာပါ သို့သော်လည်းကလေးတွေကတော့ သူလာမဲ့အပတ်စဉ် 5 နာရီတိုင်းကို ကစားကွင်းမှာ စောင့်လေ့ရှိပြီး သူလာပြီဆိုတာနဲ့ အကုန်လုံးထိုင်ပြီး သူပြောတဲ့ ပုံပြင်တွေကို နားထောင်လေ့ရှိကြပါတယ် ဒီကားကို အစကပဲကြည့်ရမလား အခုတင်နေတာကပဲ ကြည့်ရမလား ဒွိဟဖြစ်နေတဲ့သူတွေအတွက် ရဲရဲကြီး အာမခံပေးလိုက်ပါ့မယ် ကြိုက်ရာ Season ကြိုက်ရာအပိုင်းကနေစကြည့်ပါ တစ်ပိုင်းနဲ့ တစ်ပိုင်းဆက်စပ်မှုဆိုတာ မရှိပါဘူး
Ongoing
Anime
137 Views
Tearmoon Teikoku Monogatari: Dantoudai kara Hajimaru, Hime no Tensei Gyakuten Story