ani: new stage logo
poster

Vampire in the Garden (2022)

poster

ပြီးခဲ့တဲ့May လ၁၆ရက်နေ့ကမှNETFLIXမှာထွက်ထားတဲ့အပိုင်း၅ပိုင်းသာပါရှိတဲ့Seriesကောင်းလေးတစ်ခုနှင့်မိတ်ဆက်ပေးချင်ပါတယ်ဗျ။IMDB rating အနေနဲ့ကတော့6.9ရထားပြီးတော့MAL Ratingအ‌ နေနဲ့ ကတော့လက်ရှိမှာ 7.2ရရှိထားပြီးAOTတို့Great Pretenderတို့ကိုထုတ်လုပ်တဲ့WIT studioရဲ့လက်ရာ‌ေကာင်းဖြစ်လို့လက်မလွှတ်သင့်တဲ့Action,Drama,Horror စီးရီးကောင်းလေးဖြစ်ပါတယ်ဗျ။ ဒီတစ်ခါတော့ မင်မင်တို့ပေ့ခ်ျ့မှOtaku Kingdom Myanmarနှင့်ပူးပေါင်းပြီးတာ့တင်ဆက်ပေးထားပါတယ်ဗျ။ ဒီအရာကတော့ လူသားမိန်းကလေးတစ်ဦးနဲ့ဗန်ပိုင်းယားမလေးတစ်ဦးတို့ရဲ့နှစ်ဦးကြားကဆက်စပ်နေတဲ့ချစ်ပုံပြင်လေးတစ်ခုပါ။ အေးခဲလွန်းလှပြီး ချမ်းတုန်လှတဲ့ဟေမာန်ဆောင်းလရာသီအချိန်အခါကြား ရင်ထဲအပူမီး ဒေါသမီး အမုန်းတရားမီးများလောင်ကြွမ်းနေကြသော ရက်စက်လှသည့်လူသားများက ဗန်ပိုင်းယားများကိုသုတ်သင်ပြီး တလောကလုံးကိုကြီးစိုးရန် တက်မက်မှု‌ေလာဘကြီးလှသည့့်အာဏာမီးမျာနှင့်အတူ ဗန်ပိုင်းယားများကိုရက်စက်စွာသုတ်သင်နေကြသည်။ လူသားအစစစ်မီးကို ဗန်ပိုင်းယားများလည်းသည်းမခံနိုင်တော့ပဲ ဆေးများသုံးကာာ မိမိကိုယ်ကိုယ်ထိုး၍အင်အားကြီးစေပြီးလူသားတို့ကိုပြန်လည်ခုခံကြသည်။ဤသို့ပင်နှင့် လူသားများနှင့်ဗန်ပိုင်းယားများကြားမှအမုန်းတရားစစ်မီးလောင်ကြွမ်းကာ ဖြူစင်အေးမြလှသော‌ေလာကနှင်းရင်ပြင်ကြီးမှသွေးပင်လယ်အဖြစ်သို့ပြောင်းလဲသွားသည်။ ဤသို့အမုန်းတရားများကြားမှ လူသားမျိုးနွယ်တို့၏ဘက်မှ ဗိုဟ်ချုပ်မှူးကြီး၏သမီးဖြစ်သူ လူသားများနှင့်ဗန်ပိုင်းယားတို့၏အမုန်းတရားစစ်မီးကိုငြှိမ်းချင်နေသောမိန်းမငယ်လေး မိုမို... လူသားတို့နှင့်ဗန်ပိုင်းယားတို့ငြိမ်းချမ်းစွာနေထိုင်နိုင်သောလက်လှမ်းမမှီ‌ေဝးကွာ‌ေန‌ေသာနေရာတစ်နေရာကိုတည်ဆောက်ချင်နေသူ ဗန်ပိုင်းယားတို့၏အရှင်မ ဖီးနဲ တို့ အမှတ်မထင်တွေ့စုံလိုက်သောအခါ...ထိုနေရာလေးကိုလက်လှမ်းမှီနိုင်မလား၊တည်ဆောက်နိုင်မလားဆိုတာကိုတော့ရုပ်ရှင်လေးထဲမှာဆက်လက်ရှုစားလိုက်ကြပါကုန်။ Reviewed by Min(freelance writer) Translation OKM Team Encoders Episode 1- Min Episode 2 to 5 KyromX

Type: Anime

Seasons: 1

Genres: Horror, Drama

Released: 2022-05-16

Age: 13+

Rating: 7/10

Condition: Finished

Presented by AKM PLUS

Vampire in the Garden (2022): Season 1

Episode 1 Episode 2 Episode 3 Episode 4 Episode 5

Connect With Us

You might also like

Ongoing

Anime

587 Views

Pokemon MM SUB

Rating: 8/10

Age: 13+

Finished

Anime

121 Views

အဖေကိုအနိုင်ယူမဲ့အဇာတသတ်(Baki (S2 ) )

Rating: -9/10

Age: 12+

Finished

Anime

104 Views

Inuyasha

Rating: 8/10

Age: 14+

Finished

Anime

223 Views

shinka no mi

Rating: 6/10

Age: 13+

Finished

Anime

133 Views

Toradora!

Rating: 8/10

Age: 12+