Tomodachi Game
ကဲ Squid Game လိုမျိုး ဘယ်သူက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ကစားပွဲ ခပ်ကြမ်းကြမ်း တွေ လုပ်ပေးနေတာလဲ။ ပိုက်ဆံ များလေ အန္တရာယ် များလေ ဆိုတဲ့ ကစားပွဲတွေ။ ကစားရတဲ့လူတွေထဲမှာလည်း သစ္စာဖောက်တွေ ပါတော့ ဘယ်သူက ဘာလဲ မသိ။ ရင်တဖိုဖိုနဲ့ ဆော့ရတာတွေ။ စသဖြင့် အဲ့လို ဇာတ်လမ်းတွေကြိုက်တဲ့ Among Us ကစားရတာ ခုံမင်တဲ့ ပရိသတ်တွေ အတွက် ဇာတ်လမ်းတစ်ပုဒ် လာပါပြီဗျာ။ ========== ဇာတ်လမ်း အကျဥ်း ========== Yuuichi Katagiri ဆိုတဲ့ ကောင်လေးဟာ သူလူမှန်းသိတတ်စကတည်းက အမြဲတမ်းငွေရေးကြေးရေး အခက်ခဲတွေနဲ့ နပမ်းလုံးနေရတဲ့သူပါ။ ဒါပေမဲ့လည်း သူနဲ့ အင်မတန် ရင်းနှီးပြီး နားလည်ပေးတတ်တဲ့ သူငယ်ချင်းတွေကြောင့် သူဟာဘဝကို ရောင့်ရဲတင်းတိမ်ပြီး ပျော်အောင်နေတတ်ခဲ့ပါတယ်။ သူငယ်ချင်းတွေအပေါ် ပေးထားတဲ့ ကတိတည်ဖို့ အတွက် Yuuichi ဟာ ကျောင်း ခရီးစဥ် အတွက် ပိုက်ဆံ အလုံလောက် စုမိခဲ့ပါပြီ။ =========== ဒါပေမဲ့ တစ်နေ့မှာ ကျောင်းခရီးအတွက် ကောက်ခံထားတဲ့ ရန်ပုံငွေတွေဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ အခါမှာတော့ ပိုက်ဆံကောက်ခံတာကို တာဝန်ယူထားရတဲ့ Yuuichi ရဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ Shiho Sawaragi နဲ့ Makoto Shibe အပေါ် သံသယတွေ ကျရောက်လာပါတော့တယ်။ တရားခံဘယ်သူမှန်းမသိတဲ့ အခါမှာတော့ ရံပုံငွေကို ထိန်းသိမ်းဖို့ပျက်ကွက်ခဲ့တဲ့ Shiho နဲ့ Makoto က အပြစ်မရှိပေမဲ့လည်း တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။======== ရက်အနည်းငယ် ကြာပြီးတော့ Yuuichi နဲ့ သူ့သူငယ်ချင်းတွေဆီကို အတူတူ ဆုံဖို့အတွက် စာတစ်စောင်စီရောက်လာပါတယ်။ အတူတူ ဆုံတွေ့ကြတဲ့အချိန်မှာ သူတို့တတွေဟာ အလစ်တိုက်ခိုက်ခံရပြီး သတိလစ်ကုန်ကြပါတယ်။ သတိပြန်ရတဲ့အချိန်မှာ ထူးဆန်းတဲ့ အခန်းတစ်ခုထဲမှာ Manabu-kun လို့ခေါ်တဲ့ အရုပ်ဝတ်စုံနဲ့ လူနဲ့ အတူတူရောက်နေတာကို သတိထားမိသွားကြပါတယ်။ ========= Manabu kun ဆိုတာက ကလေးကြိုက် ရုပ်သံစီးရီးတစ်ခုက ဇာတ်ကောင် တစ်ခုဖြစ်ပြီး အဲ့စီးရီးဟာ ကလေးတွေ အတွက် မသင့်တော်တဲ့ အတွေးခေါ် အငွေ့သက်တွေ ပါလာလို့ ရပ်နားခံလိုက်ရတာပါ။ Manabu-kun က Yuuichi တို့ထဲက သူငယ်ချင်းတစ်ယောက်က အကြွေး ပမာဏ များများ တစ်ခုကို ဆပ်ဖို့အတွက် Yuuichi တို့အားလုံးကို အခုလိုနေရာကို ရောက်လာအောင် လှည့်စားခဲ့တာလို့ ပြောပါတယ်။ Yuuichi တို့ တစ်သိုက်ဟာ Tomodachi Game လို့ခေါ်တဲ့ သူငယ်ချင်း အချင်းချင်း ကစားရမယ့် ကစားပွဲတွေကို သူတို့အချင်းချင်းကြားက သံယောဇဉ် ခိုင်မာမှုနဲ့ ယုံကြည်မှုတို့ကို စမ်းသပ်ခံဖို့အတွက် ကစားရမှာဖြစ်ပါတယ်။======= ဒါပေမဲ့လည်း လျို့ဝှက်ချက်တွေ သစ္စာဖောက်တာတွေ တစ်ဖြည်းဖြည်း ပေါ်လာတာကြောင့် Yuuichi တို့ဟာ အချင်းချင်းကြားက ယုံကြည်မှုက ပျက်ပြားလာကြပါပြီ။ အဲ့ဒီတော့ Yuuichi ဟာ သူတကယ် ယုံကြည်လို့ရမယ့် သူငယ်ချင်းကို ရှာဖွေပြီး ဘယ်သူက သစ္စာဖောက်လဲ ဆိုတာကို ရှာဖွေရတော့မှာဖြစ်ပါတယ်။ ========== ကဲ အားလုံးလည်း Yuuichi နဲ့အတူ ဘယ်သူက သစ္စာဖောက်လည်း ဆိုတာ အတူ ရှာဖွေဖို့ Yuki Anime MM国 မှ တင်ဆက်မည့်Tomodachi Game ကို ကြည့်လိုက်ရအောင်ပါ
Ongoing
Anime
85 Views
The Beast Tamer Who Got Kicked Out From His Party Meets a Cat Girl From the Superior Race
Ongoing
Anime
137 Views
Tearmoon Teikoku Monogatari: Dantoudai kara Hajimaru, Hime no Tensei Gyakuten Story