The Witcher: Nightmare of the Wolf
ပိုလန်စာရေးဆရာ Andrzej Sapkowski ရဲ့ The Witcher ဆိုတဲ့ဝတ္ထုကိုအခြေခံပြီး Netflix ကနေ Animated ရိုက်ကူးထားတဲ့ The Witcher: Nightmare of the Wolf ဆိုတဲ့ Adult Animated Dark Fantasy Film လေးပါ ဒီကားလေးထဲမှာ တော့ Vesemir ဆိုတဲ့ဆင်းရဲတဲ့ကောင်လေးတစ်ယောက်ဟာ ပြည့်စုံတဲ့ဘဝတစ်ခုကိုတောင့်တနေမိတယ် တစ်နေ့တော့သူတို့ရဲ့သခင်မဟာ Mare တစ်ကောင်ရဲ့ပြုစားခြင်းကို ခံထားရတာကြောင့် လာရောက်နှိမ်နင်းတဲ့မိစ္ဆာသတ်မုဆိုး Delgan ရဲ့ လုပ်အားခကိုမြင်တဲ့အခါမှာတော့ Vesemir လေးဟာ မိစ္ဆာသတ်မုဆိုးဖြစ်ချင်သွားခဲ့တယ် ဒီလိုနဲ့ပဲ သူရဲ့ ချစ်ရတဲ့ကောင်မလေး Illyana ကိုထားခဲ့ပြီး မိစ္ဆာသတ်မုဆိုးတွေဆီကိုလိုက်သွားပါတော့တယ် ဒီလိုနဲ့ပဲအသက်ရွယ်တွေကြီးရင့်လာပြီးတဲ့အခါမှာ Vesemir ဟာ သွေးနှောမိစ္ဆာတစ်ကောင်ကိုတွေ့ရှိသွားပြီး ဒီသွေးနှောမိစ္ဆာရဲ့ဇစ်မြစ်ကို Tetra ဆိုတဲ့မိစ္ဆာသတ်မုဆိုးတွေကိုမုန်းနေခဲ့တဲ့မှော်ဆရာမလေးနဲ့အတူရှာဖွေရင်း ဇစ်မြစ်ကိုရောတွေ့သွားရဲ့လား? အဲ့ဇစ်မြစ်တွေ့တဲ့အချိန်မှာရောဘယ်လိုမျိုးရင်ဆိုင်ကြမလဲ? နောက်ပိုင်းဘာတွေဖြစ်သွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်