In Another World With My Smartphone 2
နတ်ဘုရားကမိုးကြိုးအား ကမ္ဘာမြေပေါ်ကို အမှားလုပ်ပြီးပစ်ချခဲ့မိလို့ Touya Mochizukiဆိုတဲ့ကောင်လေးဟာ အသက်၁၅နှစ်မှာ သေဆုံးခဲ့ရပါတော့တယ်။တောင်းပန်တဲ့အနေတဲ့ နတ်ဘုရားက သူ့ကိုအခြားကမ္ဘာမှာပြန်ဝင်စားခွင့်ရမယ့်အပြင် လိုရာဆုတစ်ခုကိုလည်းတောင်းနိုင်တယ်လို့ပြောခဲ့တယ်။Touyaကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ အခြားကမ္ဘာမှာပြန်ဝင်စားဖို့လက်ခံခဲ့ပါတယ်၊ဆုတောင်းအနေနဲ့ကတော့ သူ့ရဲ့စမတ်ဖုန်းကို အခြားကမ္ဘာမှာသုံးလို့ရအောင် လုပ်ပေးပါဆိုပြီး တောင်းဆိုခဲ့လေရဲ့ အခြားကမ္ဘာကို ရောက်တော့ Touyaတစ်ယောက် နတ်ဘုရားရဲ့ကောင်းချီးပေးမှုကြောင့် ေမှာ်အစွမ်းအားလုံးကိုသုံးနိုင်တဲ့အပြင် ခွန်အားလည်းကြီးတဲ့ သောက်ကြမ်းကြီးဖြစ်နေပါတော့တယ်။အဲ့ဒါအပြင် Touyaတစ်ယောက် အခြားကမ္ဘာမှာ မိန်းကလေးပေါင်းစုံနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမြွှာညီအမ Linze နဲ့ Elze Silhoueskaရယ် Yumina Urnea Belfastရယ် Leenရယ် Yae Kokonoe ဆိုတဲ့ကောင်မလေးတွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပြီး အခြားကမ္ဘာမှာ စွန့်စားခန်းထွက်ပါလေရော၊ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီကောင်မလေးတွေက Touyaကို မေတ္တာမျှလာခဲ့လေတယ်.....Touya တစ်ယောက် ကောင်မလေးတွေမေတ္တာကိုအဖြေပြန်ပေးနိုင်မှာလား? ပြီးတော့ အခြားကမ္ဘာမှာTouyaတစ်ယောက် ဘယ်လိုဖြတ်သန်းမလဲဆိုတာကိုတော့...
Ongoing
Anime
85 Views
The Beast Tamer Who Got Kicked Out From His Party Meets a Cat Girl From the Superior Race