ani: new stage logo
poster

Bleach ရဲ့ Kido

2023-04-30

Facts

Apex Canal Anime

Bleach ရဲ့ Kido

Bleach ရဲ့ Kido

....


Bleach Verse 0 နဲ့ Apex canal ရဲ့

ဒုတိယအကြိမ်ပူးပေါင်းတင်ဆက်တဲ့အနေနဲ့

ဒီတစ်ခါမှာတော့

Bleach ရဲ့ Kidō တွေအကြောင်းပဲ

ဖြစ်ပါတယ်။ 

Kidō တွေက Bleach series တစ်ခုလုံးရဲ့အရေးပါတဲ့နေရာတွေကနေပါဝင်တာကြောင့် ဒီ series ကိုကြည့်မယ်ဆိုရင်မဖြစ်မနေကိုသိထားသင့်တာကြောင့် 

ဖတ်ကြည့်သင့်ပါတယ်ဗျ။


𝙒𝙝𝙖𝙩 𝙞𝙨 𝙆𝙞𝙙𝙤̄ ?


Kidō တွေဆိုတာဟာ တစ်နည်းအားဖြင့် Shinigami တွေတီထွင်ထားတဲ့ spell တွေပဲဖြစ်ပါတယ်။ Kidō တွေကို Bakudō (Way of Binding) နဲ့ Hadō (Way of Destruction) အဖြစ် 2 မျိုးခွဲခြားနိုင်ပါတယ်။


𝘽𝙖𝙠𝙪𝙙𝙤̄ (𝙒𝙖𝙮 𝙤𝙛 𝘽𝙞𝙣𝙙𝙞𝙣𝙜)


Way of Binding ဆိုတဲ့အတိုင်းပဲ Bakudō တွေဟာ ဖမ်းဆီးခြင်း ချုပ်နှောင်ခြင်း ဆိုတဲ့ spell တွေအပြင် သတင်းပို့ဆောင်ရေး ကယ်ဆယ်ရေး ကာကွယ်ရေး တွေအထိပါအထွေထွေအသုံးပြုနိုင်တဲ့ဂါထာတွေပဲဖြစ်ပါတယ်။


𝙃𝙖𝙙𝙤̄ (𝙒𝙖𝙮 𝙤𝙛 𝘿𝙚𝙨𝙩𝙧𝙪𝙘𝙩𝙞𝙤𝙣)


Hadō တွေဟာလဲ Way of Destruction ဆိုတဲ့အတိုင်း တိုက်ခိုက်ရေး ဖျက်ဆီးရေး spell တွေပဲဖြစ်ပါတယ်။ ပုံမှန် ဒဏ်ရာရအောင်လုပ်နိုင်တဲ့ spell အသေးစားလေးတွေကနေ အရမ်းစွမ်းအားကြီးပြီး မြို့တစ်ခုလုံးကိုတောင်တစ်ချက်ထဲနဲ့ပျက်စီးသွားအောင်လုပ်နိုင်တဲ့ spell တွေနဲ့ အဆုံးစွန် Time နဲ့ Space ကိုပါဇောက်ထိုးမိုးမျှော်လုပ်ပစ်လိုက်နိုင်တဲ့ spell တွေပါ ပါဝင်ပါတယ်။ 


Kidō User တွေကို အဆင့်သုံးဆင့်ခွဲခြားနိုင်ပါတယ်

(1)Kidō Master (Unohana / Yamamoto....)

(2)Kidō Expert (Hinamori / Yoruichi / Mayuri....)

(3)Kidō Practitioners (Renji / Gin.....)


𝙍𝙚𝙡𝙖𝙩𝙞𝙤𝙣 𝙗𝙚𝙩𝙬𝙚𝙚𝙣 𝙆𝙞𝙙𝙤̄ 𝙖𝙣𝙙 𝙍𝙚𝙞𝙖𝙩𝙨𝙪 (𝙎𝙥𝙞𝙧𝙞𝙩𝙪𝙖𝙡 𝙋𝙧𝙚𝙨𝙨𝙪𝙧𝙚)


Kidō အကြောင်းပြောမယ်ဆိုရင် Reiatsu အကြောင်းကိုလည်းချန်ခဲ့လို့မရပါဘူးဗျ။ Kidō တွေဆိုတာက Reiatsu ကို အသုံးဝင်တဲ့စွမ်းအားအဖြစ်ပြောင်းလဲပြီးအသုံးပြုတာကြောင့် Kidō နဲ့ Reiatsu ကလင်နဲ့မယား လျှာနဲ့သွားပါပဲ။


Bleach မှာ Reiatsu အရမ်းများတဲ့ Cha တွေက လက်ချိုးရေလို့တောင်ရပြီး (ပုံမှာပါတဲ့ကောင်တွေ) အဲ့ဒီ့သူတွေကသူတို့ရဲ့ Reiatsu ကိုထုတ်ပြလိုက်ယုံနဲ့တင် ရန်သူတွေအပေါ်မှာ တန်နဲ့ချီလေးတဲ့အရာကြီးကိုထမ်းထားရသလိုခံစားရစေမှာပါ အားနည်းတဲ့သူဆိုရင် သတိလစ်တာကနေ ရူးသွားတဲ့အထိဖြစ်စေနိုင်ပါတယ်။


ခုဏကပြောခဲ့တဲ့အတိုင်းပဲ Kidō တွေက Reiatsu ကနေတိုက်ရိုက်လာတဲ့စွမ်းအားတွေဖြစ်တာမို့လို့ Reiatsu စွမ်းအားကြီးလေ သူတို့ သုံးတဲ့ Hadō တွေဟာဖျက်ဆီးအားပိုကောင်းလေပဲဖြစ်ပါတယ်။ Bakudō ရဲ့ Sealing spell တွေဆိုရင် လုံးဝချိုးဖျက်ဖို့မဖြစ်နိုင်တဲ့အထိကိုအားကောင်းပါတယ်။

(eg, Aizen ရဲ့ Hadō 63 Raikōhō က မြို့တစ်မြို့အရွယ်အစားရှိပါတယ်)


𝙄𝙣𝙘𝙖𝙣𝙩𝙖𝙩𝙞𝙤𝙣


Kidō တွေဟာ Reiatsu ကနေ Bakudō သို့မဟုတ် Hadō အဖြစ်ပြောင်းလဲအသုံးပြုနိုင်အောင် ဂါထာရွတ်ရပါတယ်။ Kidō ပိုင်းကျွမ်းကျင်တဲ့သူတွေကတော့ မရွတ်ကြပဲနဲ့ တိုက်ရိုက်သုံးလေ့ရှိကြပါတယ်။ Incantation အပြည့်အဝရွတ်ပြီးသုံးတာက တိုက်ရိုက်သုံးတာထက်အများကြီးပိုအစွမ်းထက်ပါတယ်။ တကယ့် Battle မှာတော့ ဂါထာအရှည်ကြီးတွေထိုင်ရွတ်နေဖို့အချိန်အများကြီးမရှိတာကြောင့် တိုက်ရိုက်ပဲသုံးလေ့ရှိပါတယ်။


Rukia က Hadō 33 Sokatsui ကို incantation အပြည့်အစုံရွတ်ပြီးသုံးတာတောင် နေရာသေးသေးလေးပဲပေါက်ကွဲသွားပေမယ့် Byakuya က Incantation လုံးဝမရွတ်ပဲသုံးတာကိုတောင် လမ်းအကျယ်ကြီးတစ်လျှောက်လုံးပျက်စီးသွားတာကိုမြင်ရမှာပါ။ ဘာကြောင့်လဲဆိုတာကတော့ Byakuya ရဲ့ Reiatsu က Rukia ထက်အများကြီးသာနေလို့ပဲဖြစ်ပါတယ်။



#zin

#kaido

#bleachverse0

#apexcanal


Connect With Us

Recent Blog & News

ads